Tuesday, January 29, 2013

1

အဖိုးအိုလျှင်.....
ညောင်ညိုရိပ်အောက်၊ ပုဆိန်မြှောက်ကာ
ထင်းပေါက်ခွဲပြီး၊ ချွေးဖြာစီး၏။
အဖွားအိုက....
ရေချိုတခွက်၊ လက်လှမ်းဆက်သည်
အော်.... သက်ရွယ်ခါးကုန်း၊ သွားကြွေပြုန်းလည်း
ချစ်တုန်းခင်တုန်းပါတကား။

ငွေတာရီမဂ္ဂဇင်း ၁၉၆၃
{ကြည်အောင်-လမင်းတရာကဗျာများ၊ ပဌမနှိပ်ခြင်း၊ ၁၉၆၃ ခု၊ မှ ကူးယူဖော်ပြပါတယ်။}

No comments:

Post a Comment